လိပ်စာကို စာထဲက ကူးပြီး ပြန်ရိုက်နေရတယ်
ဝယ်သူပို့တဲ့ အမည်၊ ဖုန်း၊ လိပ်စာ တစ်တွဲလုံးကို box ထဲ ကူးထည့်လိုက်ရင် ကွက်လပ်တွေထဲ အလိုလို ခွဲဝင်ပါတယ်။ မြို့နယ်ကိုက်ရင် ပို့ခပါ ဝင်တယ်။
ဝယ်သူစာကနေ အော်ဒါ၊ လက်ကျန်၊ ပို့ဆောင်ရေး၊ COD ငွေအထိ — နေရာတစ်ခုတည်းမှာ၊ မြန်မာလို၊ ဖုန်းပေါ်မှာ။ Page ကို ကိုယ်တိုင် တစ်ချက်နှိပ် ချိတ်လိုက်ရုံပါ။
ဝယ်သူပို့တဲ့ အမည်၊ ဖုန်း၊ လိပ်စာ တစ်တွဲလုံးကို box ထဲ ကူးထည့်လိုက်ရင် ကွက်လပ်တွေထဲ အလိုလို ခွဲဝင်ပါတယ်။ မြို့နယ်ကိုက်ရင် ပို့ခပါ ဝင်တယ်။
အော်ဒါ အတည်ပြုမှ လက်ကျန်နှုတ်တယ်။ မလုံလောက်ရင် အတည်မပြုနိုင်ဘဲ သတိပေးတယ်။ ပယ်ဖျက်ရင် ပြန်ပေါင်းပေးတယ်။
ကောက်ပြီး / လွှဲပြီး / စစ်ရန် — ပါဆယ်တစ်ခုချင်း မှတ်ထားပြီး ပြက္ခဒိန်နဲ့ ရက်အလိုက် ကြည့်လို့ရတယ်။ ကြာနေတဲ့ ငွေကို သီးသန့် ပြတယ်။
ဆိုင်တစ်ဆိုင် နေ့စဉ် လုပ်ရတာတွေကို အစီအစဉ်အတိုင်း — စာဝင်ကနေ ငွေရောက်အထိ။
Page အားလုံးရဲ့ Messenger စာကို တစ်နေရာတည်းက ပြန်ဖြေ။ Business Suite ကနေ ပြန်ထားတာလည်း မြင်ရ။ ၂၄ နာရီ ကျန်ချိန် ပြထား။
ဝယ်သူစာကို ကူးထည့်ရုံနဲ့ ဖောင်ပြည့်။ AI က conversation ကို ဖတ်ပြီး အော်ဒါမူကြမ်း ဖြည့်ပေး — သိမ်းတာကို လူကပဲ လုပ်။
အရောင်၊ ဆိုဒ် တစ်မျိုးစီ SKU သီးသန့်။ အတည်ပြုမှ နှုတ်၊ ပယ်ဖျက်/ပြန်ရောက်ရင် ပြန်ပေါင်း။ ကျော်ရောင်းမိတာ မရှိ။
ကောက်ပြီး၊ လွှဲပြီး၊ စစ်ရန် — courier ဝန်ဆောင်ခ နှုတ်ပြီး အသားတင် တွက်ပေး။ လစဉ် ပြက္ခဒိန်နဲ့ ကြာချိန်အုပ်စု။
A5၊ 58mm၊ 80mm thermal printer — browser ကနေ တိုက်ရိုက်။ မြန်မာစာ မှန်မှန် ထွက်။
ဆိုင်ရဲ့ ဈေး၊ ပို့ခ၊ account၊ မူဝါဒကိုပဲ သုံးပြီး ဖြေပေး။ မသေချာတဲ့ ငွေပမာဏကို သတိပေး။ ပို့တာ လူကပဲ နှိပ်။
အတည်ပြုရန် → အတည်ပြုပြီး → ထုပ်ပိုး → ပို့ဆောင် → ပို့ပြီး။ Courier နဲ့ tracking နံပါတ် တစ်ခါတည်း။ ဘယ်သူ ဘာလုပ်ခဲ့လဲ မှတ်တမ်း အလိုလို ကျန်။
ဘယ်နေ့ ဘယ်လောက် ကောက်ခဲ့လဲ၊ ဘယ်လောက် ဆိုင်ကို လွှဲပြီးပြီလဲ ရက်အလိုက် မြင်ရ။ ၁၅ ရက်ကျော် မလွှဲရသေးတဲ့ ငွေကို သီးသန့် ပြထားလို့ courier နဲ့ စာရင်းရှင်းရ လွယ်။
Developer မလို၊ setting ရှုပ်ရှုပ်ထွေးထွေး မလို။
Email နဲ့ password ပဲ လိုတယ်။ ဆိုင်နာမည် ပေး၊ ပစ္စည်းအနည်းငယ် ထည့်။
"Facebook နဲ့ ချိတ်ရန်" နှိပ် → Facebook မှာ ကိုယ့် Page ရွေး → ပြီးပြီ။ Password ကို Facebook မှာပဲ ရိုက်တယ်၊ ZayFlow မှာ မဟုတ်ဘူး။
စာဝင်လာတာနဲ့ Inbox မှာ ပေါ်။ ပြန်ဖြေ၊ အော်ဒါဖွင့်၊ ပါဆယ်ပို့၊ ငွေမှတ် — အကုန် ဖုန်းနဲ့။
နိုင်ငံခြား software ကို ဘာသာပြန်ထားတာ မဟုတ်ဘူး — မြန်မာဆိုင် အလုပ်လုပ်ပုံအတိုင်း စဆောက်ထားတာ။
Pilot ကာလအတွင်း ပါဝင်တဲ့ ဆိုင်တွေအတွက် အခမဲ့။ နောက်ပိုင်း ဈေးနှုန်းကို Page အရေအတွက်အလိုက် သတ်မှတ်မယ် — pilot ဆိုင်တွေကို ကြိုအသိပေးပြီး သက်သာတဲ့ ဈေး ပေးမယ်။
Page ၃ ခုအထိ · ဝန်ထမ်း အကန့်အသတ်မရှိ · လုပ်ဆောင်ချက် အားလုံး · Messenger ကနေ တိုက်ရိုက် အကူအညီ
မပေးရပါ။ Page ချိတ်တဲ့အခါ Facebook ရဲ့ ကိုယ်ပိုင် စာမျက်နှာကို ရောက်သွားပြီး အဲ့မှာပဲ ခွင့်ပြုချက် ပေးရတာပါ။ ZayFlow က Page token ကိုပဲ ရပြီး အဲ့ဒါကို encrypt လုပ်ပြီး သိမ်းပါတယ်။ "ဖြုတ်ရန်" နှိပ်ရင် ချက်ချင်း ဖျက်ပါတယ်။
မပြန်ပါ။ AI က မူကြမ်းပဲ ရေးပေးပြီး လူက ဖတ်၊ ပြင်၊ ပို့ရပါတယ်။ အော်ဒါလည်း AI က ကိုယ်တိုင် မသိမ်းပါ။
ဆိုင်ပိုင်ရှင်က ဝန်ထမ်းရဲ့ email ထည့်ပေးရင် အဲ့ဆိုင်ရဲ့ စာ၊ အော်ဒါ၊ လက်ကျန် မြင်ရပြီး ပြန်ဖြေ၊ အော်ဒါဖွင့်လို့ရပါတယ်။ Page ချိတ်/ဖြုတ်တာ၊ ဆက်တင်ပြင်တာ၊ ဝန်ထမ်းထည့်တာကတော့ ပိုင်ရှင်သာ လုပ်နိုင်ပါတယ်။
အခု Facebook Messenger ကို အရင် အပြည့်အဝ လုပ်ထားပါတယ်။ Viber နဲ့ Instagram ကို pilot ဆိုင်တွေရဲ့ လိုအပ်ချက်အလိုက် ထပ်ထည့်ပါမယ်။
Cloudflare ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်မှာပါ (မြန်မာနဲ့ အနီးဆုံး Singapore)။ ဆိုင်တစ်ဆိုင်ရဲ့ ဒေတာကို အဲ့ဆိုင်က လူသာ မြင်ရပါတယ်။
အကောင့်ဖွင့်တာ ၁ မိနစ်၊ Page ချိတ်တာ ၁ မိနစ်။ ဘာမှ မပေးရဘဲ စမ်းလို့ရပါတယ်။
အခမဲ့ စမ်းသုံးရန်